Saturday, June 21, 2014

Win RAR ဖြင့်ဖိုင်ဖြည်နည်း နှင့် ဖိုင်ချုပ်နည်း


ကွန်ပျူတာသုံးသူတိုင်းကတော့ Win RAR ဖြင့်ဖိုင်ဖြည်နည်းကို
လူတိုင်းသိပြီးထားပြီလို့ထင်ပါတယ်..အခုမှစလေ့လာသူများအ
တွက်အဆင်ပြေအောင်လို့ဒီပိုစ့်မှာWin RAR ဖြင့်ဖိုင်ဖြည်နည်း နှင့်
ဖိုင်ချုပ်နည်းနှစ်ခုစလုံးကိုရေးပေးလိုက်ပါတယ်..တစ်ချို့သောဆိုဒ်
တွေ c box မှာတစ်ခါတရံ  Win RAR ဖြင့်ဖိုင်တွေခွဲတင်ထားမယ်
ဆိုရင် ဒေါင်းလော့ချပြီးတော့ပြန်ပြီး Extract မလုပ်တတ်သေးတဲ့သူ
တွေအကူအညီတောင်းတာကိုတွေ့နေရပါတယ်..ဒါကြောင့်ဒီပိုစ့်လေး
ကတစ်ဦးတစ်ယောက်အတွက်အဆင်ပြေသွားတယ်ဆိုရင် ပင်ပန်းရ
ကျိုးနပ်ပါတယ်..။ဒီနည်းလေးကိုသိရင်တော့ RAR,RAR5,ZIP ဖိုင်
တွေနဲ့တင်ထားတဲဖိုင်တွေကိုဖြည်တတ်သွားပါလိမ့်မယ်..။
Win RAR ဖြင့်ချုပ်ထားတဲ့ဖိုင်တစ်ဖိုင်တည်းဆိုရင် Right Click>
Extract File..(သို့) Extract Here ကိုကလစ်လိုက်ပါ..ဖိုင်တွေအ
များဆိုရင်တော့ ဖိုင်တွေကို New Folder အလွတ်တစ်ခုတည်းကိုထည့်လိုက်
ပါ..အောက်ကပုံတွေကိုဆက်ပြီးတော့ကြည့်ပေးပါ..


အပေါ်ကပုံကတော့ ကျနော်ကဝင်းဒိုးခွေကိုဖိုင်ဖြည်မှာမို့ New Folder အလွတ်တစ်ခုတည်းကိုထည့်လိုက်
ပါတယ်..ပြီးရင်တော့အောက်ကပုံလေးအတိုင်း Part 1 ပေါ်မှာ Right Click > Extract File..(သို့) Extract Here ကိုကလစ်လိုက်ပါ..။



ဒီနေရာမှာဖိုင်တွေကို  Password ခံထားတဲ့အတွက်သက်ဆိုင်ရာ Password ကိုရိုက်ထည့်ပေးလိုက်ပါ..


အပေါ်ကပုံလိုမျိုး ပေါ်လာရင်တော့ အစိမ်းရောင်ပြေးနေတဲ့မီတာချောင်းလေး ပြည့်သွားအောင်
စောင့်ပေးလိုက်ပါ..


အစိမ်းရောင်တန်းလေးပြည့်သွားရင်တော့ ဖြည်လိုက်တဲ့ Power ISO ဖိုင်လေးကိုရရှိသွားပါပြီး..ဒီနေရာမှာ
သူ့ရဲ့ဖိုင်က Power ISO ဖြစ်တဲ့အတွက် မူရင်းဖိုင်အတိုင်းပြန်ရတာပါ..စက်ထဲမှာ Power ISO မရှိဘူးဆို
ရင်တော့ ISO ဖိုင်လိုမျိုးတော့ပေါ်မှာမဟုတ်ပါ..။


အပေါ်ကပုံကတော့ ဖြည်လိုက်တဲ့အခါ ဖိုင်တွေကို Folder ထဲမှာထည့်ပြီး Archive လုပ်ထားတာကြောင့်
ရိုးရိုးဖိုင်အတိုင်းပြန်ရမှာဖြစ်ပါတယ်..ဒါကတော့ Win RAR ဖိုင်တွေကိုဖြည်နည်းပါ..။ အောက်မှာတော့
ဖိုင်တွေကို Win RAR ပြန်ပြီးတော့ချုပ်ထားချင်တယ်..ဖိုင်တွေကိုလုံခြုံမှုရှိအောင် Password ပေးပြီးထား
ချင်တယ်.. Win RAR ဖြင့်ဖိုင်တွေကိုချုပ်ထားခြင်းအားဖြင့် များသောအားဖြင့်ပြောရမယ်ဆိုရင်တော့
Virus တွေမဝင်နိုင်တော့ဘူး..။ အောက်ကပုံလေးတွေကိုဆကလက်ပြီးတော့ ကြည့်ပေးပါ..

အရင်ဆုံးမိမိပြုလုပ်မယ့်ဖိုင်ပေါ်မှာ  Right Click>Add to archive... ကိုကလစ်ပါ..။


အောက်ကအတိုင်းပေါ်လာရင်တော့ Browse နေရာမှာတော့သိမ်းမယ့်နေရာကို ရွေးရင်လည်းရပါတယ်..
မရွေးချင်ရင်လည်း မူလသူ့ဖိုင်ရှိတဲ့နေရာမှာပဲ RAR ဖိုင်ကိုပြန်ရမှာဖြစ်ပါတယ်...။ ကျနော်က Password
ခံမှာဖြစ်တဲ့အတွက် Set Password ကိုနှိပ်လို်က်ပါတယ်..။



လေးထောင့်ဝိုင်းပြထားတဲ့နေရာမှာ မိမိအဆင်ပြေရာ Password ကိုရိုက်ထည့်လိုက်ပါ..အောက်မှာလည်း
တူညီသော Password ကို ပြန်ပြီးရိုက်ထည့်ပါ..။ ပြီးရင်တော့ OK....ပေါ့..။




အားလုံးပြီးသွားရင်တော့ အပေါ်ကပုံတွေအတိုင်း  Win RAR ဖြင့်ဖိုင်ချုပ်နည်းကိုအဆင်ပြေသွားပါပြီ..။
ဖိုင်ကိုဖွင့်လိုက်တဲ့အခါ သက်ဆိုင်ရာ Password ကိုရိုက်ထည့်လိုက်တော့ဖိုင်လေးပွင့်လာပါလိမ့်မယ်..။
အားလုံးပဲအဆင်ပြေပါစေ..။ ဒီပို့စ်မှာတော့ဖိုင်ဆိုဒ်ကြီးတဲ့ဖိုင်တွေကို Win RAR ဖြင့်ခွဲတာမပါသေးပါဘူး
နောက်နေ့တွေကျရင် Win RAR ဖြင့်ဖိုင်ခွဲနည်းကိုဆက်လက်တင်ပေးပါမယ်......။

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..။

Win RAR မရှိသေးရင်အောက်ကလင့်မှာယူပါ

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။