Wednesday, June 25, 2014

Driver Max v7.33 (5.04MB)


DriverMax နောက်ဆုံးထွက်ဘားရှင်းလေးပါ..။ ကွန်ပျူတာကိုဝင်းဒိုးတင်
ပြီးရင်တော့Driver တွေပြည့်စုံနေပြီဆိုရင်ဒီဆော့ဝဲလ်လေးနဲ့ Driver တွေ
ကို Back Up လုပ်ထားသင့်ပါတယ်..ကွန်ပျူတာအသစ်ဝယ်လာတဲ့စက်တွေမှာ
မူရင်း Driver ခွေကိုမရသူများဒီဆော့ဝဲလ်လေးနဲ့ Driver တွေကို Back Up လုပ်ယူလို့ရပါတယ်..နောက်တစ်ခေါက်ဝင်းဒိုးအသစ်ပြန်တင်တဲ့အခါ ဒီဆော့
ဝဲလ်ကိုပြန် Run ပြီး Back Up သိမ်းထားတဲ့ဖိုင်ကိုRestore လုပ်ပေးလိုက်ရင်ဘာ
Driver အခွေမှထည့်စရာမလိုပဲအဆင်ပြေသွားပါမယ်..ဒါအပြင့် Outdated ဖြစ်
နေတဲ့  Driver တွေကိုလည်းဒေါင်းလော့လုပ်ပြီး အင်စတော့လုပ်လို့ရပါတယ်..။
Free Edition ပေးထားတဲ့အတွက် ဖိုင်နာမည်ပြောင်းပြီး တင်ပေးထားပါတယ်..
exe ဖိုင်ကိုအင်စတောလုပ်ပါ..။
Operating System>>2000/XP/7/8



အသုံးပြုနည်းကိုအနည်းငယ်ကိုအောက်က ပုံတွေကိုကြည့်ပြီးတော့လေ့လာပါ..
Features တွေများတဲ့အတွက်ကျန်တာကိုတော့ မိမိဘာသာလေ့လာကြည့်ပါ..။


အင်စတော့လုပ်တဲ့အခါ ဒီအဆင့်ကိုရောက်ရင် အပေါ်ကပုံတွေအတိုင်းလုပ်ပေးလိုက်ပါ..


မျှားပြထားတဲ့နေရာကနေပြီး Driver တွေကို backup and restore လုပ်ယူရမှာပါ..

အပေါ်ကအဆင့်ကိုရောက်ရင်တော့ အောက်ဆုံးမှာရှိနေတဲ့ Select All ကိုရွေးပြီး Backup
ကိုနှိပ်ပေးလိုက်ပါ  Backup ပြီးအောင်စောင့်လိုက်ပါ..Backup operation completed စာ
တန်းပေါ်လာရင်တော့ သိမ်းလိုက်တဲ့ဖိုင်လေးက ဘောက်လေးနဲ့ပေါ်လာပြီး ဖိုင်နှစ်ခုလုံးကို
ဟတ်ဒစ် (or) USB မှာသိမ်းထားလိုက်ပါ..Restore ပြန်လုပ်တဲ့အခါ မိမိတို့သိမ်းထားတဲ့နေ
ရာကိုသွားပြီး WinRAR Zip ဖိုင်လေးကိုပြန်ပြီးရွေးပေးရပါမယ်...။

ဒီအောက်ကပုံတွေကတော့ Outdated ဖြစ်နေတဲ့ Driver တွေကိုမိမိ Email အကောင့်နဲ့
Register လုပ်ပြီးမှဒေါင်းလော့ချထားတဲ့ပုံအနည်းငယ်ပါ..။ အသေးစိတ်ပြမယ်ဆိုရင်တော့
ပုံတွေများပြီး အဆင့်တွေများတဲ့အတွက်ဒီလောက်နဲ့ပဲ ဖော်ပြပေးလိုက်ပါတယ်..




ဒီအပေါ်ကပုံလေးကတော့ Outdated ဖြစ်နေတဲ့ Driver ကိုဒေါင်းလော့ချနေတာပါ..
ပြီးသွားရင်တော့ အင်စတော့လုပ်လို့ရပါပြီ..ဒီနေရာမှာ Driver တွေကိုပြန်ပြီးအင်စတော့လုပ်
မယ်ဆိုရင်တော့ Restore Point လုပ်မှာလားမေးလာရင် Yes ကိုကလစ်ပြီးမှအင်စတော့
လုပ်ပါ..။ တချို့သောစက်တွေက Driver အသစ်ထည့်တာအဆင်မသင့်ရင်ဝင်းဒိုးမတက်
တာတို့ဖြစ်တတ်ပါတယ်...အဲလိုဖြစ်ရင်ပြန်ပြီးတော့ Restore လုပ်လို့ရအောင်ပါ..။
Window Update အမြဲလုပ်ပေးနေတဲ့စက်တွေတော့  Driver တွေကိုဒီကောင်လေးနဲ့
Update လုပ်ပေးစရာမလိုတော့ပါ...။
အားလုံးပဲအဆင်ပြေပါစေ...။
အောက်က Video Tutorial ကိုကြည့်ပြီးတော့လေ့လာလို့ရပါသေးတယ်..။




0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။