Sunday, August 9, 2015

Os ပေါ်မှာ Windows (၂) ခု (၃) တင်နည်း


အသုံးပြုနေတဲ့ OS ပေါ်မှာနောက်ထက် ဝင်းဒိုး (၂) ခု (၃) ခုတင်ပြီး
တော့ ကစားလိုတဲ့သူများအတွက်အရမ်းကိုအဆင်ပြေစေမယ့်ဆော့
ဝဲလေးတစ်ခုမိတ်ဆက်ပေးပါရစေ ဒီနည်းလေးကဝင်းဒိုးအသစ်တွေ
ပေါ်လာတိုင်း ဝင်းဒိုးအလန်းတွေကို စမ်းသုံးကြည့်ချင်တဲ့သူများအ
တွက် ခဏတစ်ဖြုတ်စမ်းကြည့်ချင်လို့ဖြစ်စေ၊ အမြဲတမ်းဖြစ်စေအသုံး
ပြုလို့ရမှာဖြစ်ပါတယ်..အသုံးပြုနေတဲ့ OS အတိုင်းအသုံးပြုလို့ရမှာဖြစ်
ပါတယ်..
မူလဝင်းဒိုးပ်ါမှာပဲနောက်ထပ်ဝင်းဒိုးတစ်ခုဖန်တီးတာပါ..သာမန် User
တွေအတွက် Windows နှစ်ခု၊သုံးခု ကစားချင်သူများအတွက်ဒီနည်း
လေးကအကောင်းဆုံးနည်းလေးလို့ထင်ပါတယ်..အသုံးမလိုတဲ့အချိန်
တွေကျရင်လည်းပြန်ဖျက်လို့ရပါတယ်..၊
နောက်တစ်နည်းကတော့  Partatinon ခွဲပြီးတော့ Windows တင်ပြီး
အသုံးပြုလို့ရပါတယ်..Windows တက်လာရင် အသုံးပြုမယ့် OS ကို
ရွေးပေးရပါတယ်..ပြန်ဖြုတ်ချင်ရင်လည်းတစ်ဆင့်ခြင်းပြုလုပ်ပြီးတော့
Format ချပေးမှာသာဝင်းဒိုးပျက်မှာပါ..အခုကျနော်ရေးပေးမယ့်နည်း
ကတော့ OS တွေကိုသုံးလေးခုလောက်တင်ပြီး မိမိနှစ်သလိုအသုံးပြု
နိုင်ပါတယ်.

ဒီနည်းကိုအသုံးပြုရန်အတွက်လိုအပ်တဲ့ ဆော့ဝဲကိုအောက်ကလင့်မှာ
ဒေါင်းပါ..ပြီးနောက်အင်စတော့လုပ်ပါ..အင်စတော့လုပ်တဲ့အချိန်ပါလာ
တဲ့ ကီးတစ်ခုကို ထည့်ပေးလိုက်ပါ..

ပုံတွေကိုတစ်ဆင့်ချင်းပြပေးမှာဖြစ်တဲ့အတွက် ပုံတွေထုတ်လိုက်တာ
အတော်လေးများသွားပါတယ်..ဒါတောင် ဝင်းဒိုးတင်တဲ့အပိုင်းနဲ့ဆော့
ဝဲအသုံးပြုနည်းမပါသေးဘူး

လိုအပ်တာတွေကတော့ Windows အခွေ၊ Windows ISO ဖိုင်လိုပါတယ်
အသုံးပြုချင်တဲ့ဝင်းဒိုး 7,8.1,10 ကြိုက်တာကိုအသုံးပြုနိုင်ပါတယ်
မူလဝင်းဒိုးကလည်း 64bit ကိုအင်စတော့လုပ်ထားတဲ့ ဝင်းဒိုးကပိုပြီး
တော့အဆင်ပြေပါတယ်..
ကဲအရင်ဆုံး ဆော့ဝဲကိုဖွင့်လိုက်ပါ..ပုံမှာပြထားတဲ့အတိုင်းဝင်လိုက်ပါ



 ဝင်းဒိုးအခွေကိုထည့်ပြီးအင်စတော့လုပ်ချင်ရင် Installer Disc ကိုရွေးပေးပါ


ကျနော်ကအသင်ရှိနေတဲ့ Windows ISO ဖိုင်နဲ့ပြုလုပ်မှာကြောင့် မျှားပြထားတဲ့နေရာကနေ
ISO ဖိုင်ကိုရွေးပေးလိုက်ပါ


အသုံးပြုမယ့် ဝင်းဒိုး ISO ဖိုင်ကိုရွေးပြီး Open ကိုနှိပ်လိုက်ပါ


ပြီးရင်တော့ Next ကိုကလစ်ပါ


ဒီအဆင့်မှာတော့ Windows Key ရှိရင်တစ်ခါတည်းထည့်ပေးလို့ရပါတယ်..မရှိရင်လည်း
ချန်ထားခဲ့လိုက်ပါ ပြီးတော့ အမည်ဖြည့်ပါ Password ထည့်ချင်ရင်တော့ထည့်ပေးလိုက်
ပေါ့


Yes ကိုနှိပ်ပေးလိုက်ပါ


အင်စတော့ပြုလုပ်မယ့်နေရာကို သူသတ်မှတ်ပေးထားတဲ့အတိုင်းပဲရွေးပေးလိုက်ပါ


ဝင်းဒိုးအင်စတော့ပြုလုပ်မယ့် အပိုင်းကိုအနည်းဆုံး 60 GB သတ်မှတ်ပေးရပါမယ် ပိုပြီးတော့
လိုချင်ရင်တော့ အပေါ်အောက်မျှားလေးကိုကလစ်နိုင်ပါတယ်..


အားလုံးပြုလုပ်ပြီးသွားရင် Finish ကိုနှိပ်ပါ


အစိမ်းရောင်တန်းလေးပြေးတာပြည့်သွားရင် Auto အလုပ်လုပ်ပါလိမ့်မယ်..


အပေါ်ပုံအတိုင်းပေါ်လာရင် ကျန်တာတွေကို ဝင်းဒိုးတင်သလိုမျိုးတစ်ဆင့်ခြင်းလုပ်ပေးသွားရင်
ရပါပြီ..ဝင်းဒိုးတင်ပြီးသွားရင် အော်တို ဝင်းဒိုးတက်လာပါလိမ့်မယ့်..
အသုံးပြုပြီးတော့ Shutdown ပြုလုပ်ချင်ရင် အောက်ပုံအတိုင်းပြုလုပ်ပါ ပြီးမှဆော့ဝဲကိုပိတ်ပါ


ပြည်လည်အသုံးပြုလိုပါက ဆော့ဝဲကိုဖွင့်ပြီးတော့ အောက်ပုံလေးအတိုင်မျှားပြထားတဲ့နေ
ရာကို ကလစ်လိုက်ရင် ဝင်းဒိုးတက်လာပါလိမ့်မယ်..


တကယ်လို့ ဒီဝင်းဒိုးကိုပြန်ဖြုတ်ချင်တယ်ဆိုရင် ဖြုတ်ချင်တဲ့ ဝင်းဒိုးပေါ်မှာ Right Click
ထောက်ပြီးတော့ Remove ပြုလုပ်လိုက်ရင်ရပါတယ်..။


ဒီလောက်ဆိုရင်အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်..ဒီနည်းလေးဖြင့်နောက်ထပ်ဝင်းဒိုးတွေ
ကိုတင်ပြီးတော့ ၂ ခု ၃ ခုအသုံးပြုနိုင်ပါတယ်..။

VMware Workstation 11.1.2 Build 2780323 Final Incl Serials (302 MB)

6 Comments:

မင်္ဂလာပါခင်ဗျာ windows7 64 သုံးနေပါတယ် နောက်ထပ် windows xp ထပ်တင်လို့ရလား ခင်ဗျာ

ရပါတ်ာခင်ဗျာ ကျနော်ပြထားတဲ့နည်းလေးအတိုင်းစမ်းကြည့်ပါ

ကျွန်တော်ဒီနည်းကိုရှာနေတာ အခုတွေ့သွားပြီ ပြထားတဲ့အတိုင်းစမ်းကြည့်လိုက့်ပါ့မယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

ကျွန်တော်ဒီနည်းကိုရှာနေတာ အခုတွေ့သွားပြီ ပြထားတဲ့အတိုင်းစမ်းကြည့်လိုက့်ပါ့မယ် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

ဒေါင်းမရတော့ဘူးအကို ပြန်တင်ပေးပါလား

ဒေါင်းမရတော့ဘူးအကို ပြန်တင်ပေးပါလား

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။