Wednesday, August 12, 2015

သီချင်းတွေကို Mp3tag ပြုလုပ်နည်း


မင်္ဂလာပါဗျာ Mp3tag ဆော့ဝဲလေးကိုအသုံးပြီးတော့ သီချင်းတွေကို Title,
Artist,Album ခေါင်းစဉ်လေးတွေကိုစိတ်ကြိုက်ထည့်ချင်သူများအတွက်
ပြုလုပ်နည်းကို အလွယ်တကူလေ့လာလို့ရအောင် ရည်ရွယ်ပြီးတော့ရေး
ပေးလိုက်ပါတယ်..သီချင်းတွေထဲမှာ ပုံလေးတွေကိုထည့်တတ်အောင်ပါ
ပြပေးထားပါတယ်..MP3 သီချင်းတွေသွင်းတဲ့ဆိုင်တွေမှာဆိုရင် ဒီနည်းကို
သုံးပြီးတော့ ပုံတွေထဲမှာလိပ်စာတွေကိုပါအောင်ထည့်ပေးလို့ရပါတယ်
လုပ်နည်းအပြည့်အစုံကို အောက်မှာဆက်ကြည့်လိုက်ပါဗျာ..

အခြားအသုံးပြုလို့ရတဲ့ဆော့ဝဲတွေလည်းရှိပါတယ် ဒီကောင်လေးက Free
ဆော့ဝဲလေးဖြစ်ပြီး အသုံးပြုရတာလည်းလွယ်ကူပါတယ်..


အောက်ကပုံလေးမှာတော့  Title,Artist,Album တွေမှာဘာမှာမရှိသေးတဲ့အတွက်
ကျနော်တို့ဘယ်လိုအသုံးပြုလည်းကြည့်လိုက်ရအောင်ပါ



သီချင်းဖွင့်လိုက်တဲ့အခါ ပုံလေးတွေလည်းမပေါ်သေးပါဘူး အရင်ဆုံးဆော့ဝဲကိုအောက်မှ
ယူပြီးတော့ အင်စတော့လုပ်လိုက်ပါ..


ပြုလုပ်ချင်တဲ့ သီချင်းတွေကို Right Click Mp3tag ဖြင့်ဖွင့်လိုက်ပါ


သီချင်း Title ကိုကော်ပီယူပါ


Title ခေါင်းစဉ်အောက်က သီချင်းနဲ့တစ်တန်းထဲအကွက်ထဲမှာ Paste ကိုနှိပ်လိုက်ပါ


Album ကိုတော့ သီချင်းစီးရီးအမည်ကို ကီးဘုတ်ကနေ ရိုက်ထည့်ပါ


Artist နေရာမှာတော့ အဆိုတော်နာမည်ကိုရိုက်ထည့်ပါ


ဒီနည်းအတိုင်းအကုန်လုံးကိုလုပ်သွားလိုက်ပါ လုပ်ပြီးရင် အကုန်လုံးကို Save လုပ်ပါ





Save ပြုလုပ်ပြီးသွားရင် သီချင်းဖိုင်ကိုဖွင့်ကြည့်ပါ အပေါ်ပုံလေးအတိုင်း မြင်ရပါမယ်
သီချင်း Cover ပုံထည့်ရန်အတွက် တစ်ပုဒ်ချင်းကိုရွေးချယ်ပြီးတော့ပြုလုပ်ပါ


Cover ပုံထည့်မယ့်နေရာကနေ Right Click ပြုလုပ်ပြီးတော့ Add Cover ကိုနှိပ်ပြီးပုံထည့်ပါ



ပုံထည့်ပြီးရင်တော့ Save ပြုလုပ်ပါဒါဆိုရင် သီချင်းမှာ Cover ပုံလေးနဲ့သီချင်းဖွင့်တဲ့အချိန်မှာ
တွေ့ရမှာဖြစ်ပါတယ်..တစ်ပုဒ်ချင်းကိုအပေါ်နည်းအတိုင်းပြုလုပ်သွားပါ..။


သီချင်းဖွင့်လိုက်ရင်တော့အပေါ်ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်..အောက်မှာကျနော်လုပ်နည်းကို
ပိုပြီးတော့ ရှင်းအောင်အတွက် Video ဖိုင်လေးနဲ့ပါပြပေးထားပါတယ်..။




ဒီနည်းလေးအတိုင်းအသင့်ပြုလုပ်ပြီးသား သီချင်းတွေကိုစိတ်ကြိုက်ပြုလုပ်လို့ရပါတယ်
အားလုံးပဲအဆင်ပြေပါစေ..။
Mp3tag v2.71 (2.77 MB)


1 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။