Sunday, May 3, 2015

Power ISO ဖြင့် Image ဖိုင်ပြုလုပ်နည်း


အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဗျာ Windows,Driver,
Folder,Data များအား Image ဖိုင်ပြုလုပ်နည်းပါ..ဒီနည်းလေးဖြင့်
ကျနော်တို့တွေကွန်ပျူတာထဲမှာ Image ဖိုင်လေးပြုလုပ်ပြီးတော့
သိမ်းထားလို့ရပါတယ်မူရင်း Driver အခွေတွေကိုပျက်စီးသွားရင်
အသုံးလိုတဲ့အချိန်တွေမှာအဆင်သင့်ဘမ်းပြီး အသုံးပြုလို့ရပါတယ်
မူရင်းအတိုင်းပြန်ရမှာပါ..

ကျနော်ဒီပိုစ့်လေးမှာတော့ Epson Printer Driver အခွေကို ISO ဖိုင်
ဖြစ်အောင်လုပ်ပြပေးပါတယ် (တစ်နည်းအားဖြင့် Image File လို့လည်း
ခေါ်ဆိုနိုင်ပါတယ်)..ဒီလိုပြုလုပ်ခြင်းအားဖြင့် မူရင်းဖိုင်အတိုင်း  Quality
မပျက်စေပါဘူး

ကျနော်က Power ISO ကိုအသုံးပြုထားတဲ့အတွက် အရင်ဆုံးမိမိတို့စက်ထဲ
မှာ Power ISO အဆင်သင့်ရှိရပါမယ်..အခြားသောဆော့ဝဲတွေနဲ့လည်းအ
သုံးပြုနိုင်ပါတယ်..

Power ISO မရှိသေးသူများကတော့ ဒီလင့်က နေဝင်ယူလိုက်ပါ..။

မိမိတို့ပြုလုပ်မယ့် CD Driver အခွေကိုစက်ထဲထည့်လိုက်ပါ..


DVD Drive မှာ CDFS လိုမျိုးဖြစ်နေရင် Right Click>Open in new window ဖြင့်
ဖွင့်ပါ အောက်ပုံလေးအတိုင်းဝင်လိုက်ပါ..


ဖိုင်တွေအကုန်လုံးကို Control+A ဖြင့် Select မှတ်လိုက်ပါ..



 Select မှတ်ပြီးသွားရင် Right Click>Power ISO>Add to image file ကိုကလစ်ပါ..


ဖိုင်တွေကို  Adding ပြုလုပ်ပေးပါလိမ့်မယ်


ပြီးနောက် iso file ကိုရွေးပါ စိတ်ကြိုက်နေရာရွေးပြီးတော့ Save ပြုလုပ်ချင်လျှင်မျှား
ပြထားတဲ့နေရာကို ကလစ်လိုက်ပါ


ပေါ်လာတဲ့ဘောက်မှာ မိမိသိမ်းမယ့်နေရာကိုရွေးချယ်ပြီးတော့ File Name နေရာမှာ
စိတ်ကြိုက်အမည်ပေးပါ..ကျနော်က Desktop ကိုရွေးချယ်ပြီးတော့ ဖိုင်နာမည်ကိုတော့
Epson Driver ISO လို့ပေးထားပါတယ်..ပြီးရင်တော့ Save ကိုနှိပ်ပါ



 ပြီးနောက် OK ကိုနှိပ်လို့ရပါပြီ..


အပေါ်ကပုံလေးကတော့ ISO Image ဖိုင်စတင်ပြုလုပ်နေပါပြီ..


ဖိုင်ဆိုဒ်ပေါ်မူတည်ပြီးတော့ အချိန်ကြာပါလိမ့်မယ်


100 % ပြည့်သွားရင်တော့ ပိတ်လိုက်ပါ



ခုနကကျနော်  Desktop ပေါ်မှာသိမ်းထားလိုက်တဲ့အတွက် Epson Driver ISO
Image ဖိုင်လေးရလာပါပြီ အဲဒီဖိုင်ကိုနှစ်ချက်ပေးပြီးဖွင့်လိုက်ရင်မူရင်းခွေမှာပါတဲ့
အတိုင်း Data တွေအကုန်မြင်ရပါမယ်.



အဲဒီဖိုင်ကို မိမိသိမ်းလိုတဲ့ Drive တွေမှာပြောင်းပြီးသိမ်းထားလို့ရပါပြီ..
ကျနော်ရေးတဲ့ပိုစ့်က ဒီမှာပဲပြီးသွားပါပြီ နောက်နေ့တွေမှာဒီ Image ဖိုင်ကိုအခွေဘမ်းနည်းကိုဆက်လက်ရေးပေးသွားပါမယ်..။
အားလုံးပဲအဆင်ပြေပါစေ..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။