Monday, May 11, 2015

ကွန်ပျူတာကနေ ဖုန်းအား Control ပြုလုပ်နည်း


မင်္ဂလာပါဗျာ..ပိုစ့်အသစ်တွေမတင်ဖြစ်တာသုံးရက်လောက်ကြာသွား
ပါပြီ..အားရင်အားသလိုအချိန်ပိုင်းတွေမှာ Up To Date ဖြစ်တဲ့ဆော့
ဝဲတွေကိုအချိန်နဲ့ တစ်ပြေးညီတင်ပေးနိုင်အောင်အတတ်နိုင်ဆုံးကြိုး
စားပြီးတင်ပေးသွားပါမယ်..ဒီနေ့တော့ကျနော် ကွန်ပျူတာကနေဖုန်း
ကိုဝင်ကြည့်လို့ရတဲ့နည်းလမ်းလေး တစ်ခုတင်ပေးလိုက်ပါတယ်ဒီနည်း
လေးဖြင့် Android Mobile, Tablet အားလုံးကိုချိတ်ဆက်အသုံးပြုနိုင်
ပါတယ်..

ကျနော်အသုံးပြုမယ့်ဆော့ဝဲလေးကတော့ PC screen mirroring,control,
screen recorder နှင့် file transfer ပြုလုပ်နိုင်ပါတယ်..။

1. ဖုန်းမှာ Root ရှိစရာမလိုပါ..
2. ကွန်ပျူတာမှာ သက်ဆိုင်ရာဖုန်းရဲ့ Driver ကိုအင်စတော့လုပ်ထားပါ
3. ဖုန်းမှာ Setting>Developer options>USB debugging မှာအမှန်ခြစ်ထည့်ပါ..

လိုရင်းတိုရှင်းလေးပဲပြပေးလိုက်ပါတယ်..
ကွန်ပျူတာအတွက် ဆော့ဝဲကို ဒီမှာ ဒေါင်းယူပါ..
ဖုန်းအတွက် ဆော့ဝဲကို ဒီမှာ ဒေါင်းယူပါ..

ပြီးနောက် ကွန်ပျူတာနှင့်ဖုန်းမှာ အင်စတော့လုပ်ပါ..
ပြီးရင်ကွန်ပျူတာကနေ ဆော့ဝဲကိုဖွင့်လိုက်ပါ




ဒီအပေါ်ကအဆင့်ကိုရောက်ရင် ဖုန်းကနေ Mobizen ကိုဖွင့်ပြီးအောက်ပါအတိုင်းလုပ်ပါ
အင်တာနက်ဖွင့်ထားရပါမယ်..


Email အကောင့်တစ်ခုဖြင့် Password ကိုကြိုက်ရာထည့်ပါ..
(Password မှာ အက္ခရာနှင့်ဂဏန်းပါရပါမယ်..)

Next ဖြင့်သွားပါ..ကျန်တာတွေကို အောက်ပုံလေးတွေအတိုင်းဆက်သွားလိုက်ပါ





ဒီအပေါ်ကအဆင့်ကိုရောက်ရင် များပြထားတဲ့အတိုင်းနှိပ်လိုက်ပါ..
ကွန်ပျူတာမှာ ပေးထားတဲ့ Email And Password ကိုထည့်ပြီး
Connect ကိုနှိပ်ပါ..




ဒီအတိုင်းထားလိုက်ပါ ဖုန်းကနေပြီးတော့ များပြထားတဲ့အတိုင်း နှိပ်ပါ..




အပေါ်ကကုတ်ကိုယူပြီးထည့်ပါ..
ပြီးနောက်ဖုန်းကို USB ကြိုးဖြင့်ချိတ်ဆက်လိုက်ပါ..
ပြီးနောက် Connect ကိုနှိပ်လိုက်ပါ..


ဒီဖုန်းမှာ Root ရှိတဲ့အတွက် Grant ကိုနှိပ်ပေးလိုက်ပါတယ်..



Connecting ဖြစ်သွားရင် ဖုန်းပုံစံလေးနဲ့အတူ Desktop မှာပေါ်လာပါမယ်..
ဒါဆိုရင်တော့အဆင်ပြေသွားပါပြီ..
အောက်မှာ Video ဖိုင်လေးပါပြပေးထားပါတယ်ဗျာ..။


ကျေးဇူးတင်ပါတယ်..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။