Thursday, July 3, 2014

IOS 7.1.2 ကို jailbreak လုပ်နည်း Pangu_v1.1(English Version)


Apple ကဆက်တိုက် IOS ဘားရှင်း iOS 7.1.1 နှင့် iOS 7.1.2 ထုတ်ပေး
လိုက်ပါတယ်..အခုကျနော် Pangu Tool ကိုသုံးပြီး  iOS 7.1.2 ကို jailbreak
လုပ်တာအဆင်ပြေတဲ့အတွက်ပြန်ပြီးတော့မျှဝေပေးလိုက်ပါတယ်..။ ဒီနေရာမှာ
မနေ့က IOS 7.0.4 ကနေ နောက်ဆုံးထွက်ဘားရှင်းအသစ် IOS 7.1.2 ကို
iTunes နဲ့ချိတ်ပြီးတော့ Restore And Update လုပ်နည်းကိုပိုစ့်ရေးရန်အတွက်
ကြိုတင်စိတ်ကူးမရှိတာကြောင့်ပိုစ့်မတင်ဖြစ်လိုက်တဲ့အတွက် ချန်ထားခဲ့လိုက်ပါ
မယ်..။ အခုကျနော် I phone 4s , IOS 7.1.2 ကိုဒီနေ့ jailbreak အောင်
မြင်စွာပြီးဆုံးသွားလို့ jailbreak လုပ်နည်းကိုတင်ပြပေးလိုက်ပါတယ်...။

ကျနော်တို့ I Device ကို jailbreak မလုပ်ခင်တော့ iTunes နဲ့ချိတ်ပြီးတော့ Backup လုပ်
ထားသင့်ပါတယ်..။

=> အရင်ဆုံး Pangu_v1.1 Untethered Jailbreak Tool ကိုအောက်မှာဒေါင်းပါ..။
     OS - Win Only (English Version)



သင့်ရဲ့ I Device ကို passcode ထည့်ထားရင် ခဏဖြုတ်ထားလိုက်ပါ..။
Settings>>Passcode>>Turn Passcode Off လုပ်ပေးပါ။
I Device ကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ.. ကွန်ပျူတာကနေသင့်ရဲ့ I Device ကိုသိပြီ
ဆိုရင်တော့ Pangu_v1.1 ကိုကွန်ပျူတာမှာ Run လိုက်ပါ..။
Date & Time ကိုအောက်ကပုံလေးအတိုင်း ပြောင်းပေးလိုက်ပါ..။


ပြီးရင်တော့ Home Screen ကိုပြန်သွားလိုက်ပါ..။ ခုနကဖွင့်ထားတဲ့  Pangu မှာ Jailbreak ဆို
တာလေးကို နှိပ်ပေးလိုက်ပါ..



ခဏနေရင် I Device ရဲ့  Home Screen မှာအောက်ကပုံလေးအတိုင်း Pangu Icon လေးပေါ်
လာပါမယ်..I Device ပေါ်ကနေ Pangu Icon လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ..။


Continue ကိုဆက်နှိပ်ပေးလိုက်ပါ..။


I Device ဟာအောက်ပုံလိုမျိုး connected ဖြစ်သွားရင်တော့ ဘာမှမလုပ်ပဲနဲ့ဒီအတိုင်းလွတ်
ထားပေးလိုက်ပါ..။


ခဏနေရင်တော့ I Device ဟာ Reboot ကျပါလိမ့်မယ်..



 Reboot  ကျပြီးခဏနေရင် I Device ဟာ Apple Logo နဲ့တက်လာပါမယ်..



Lock Screen ကိုဖွင့်လိုက်ပါ..။ Home Screen ကိုရောက်သွားရင်တော့
နောက်တစ်ခေါက် Auto Reboot ကျပါမယ်..။


Reboot ကျပြီးသွားရင်တော့ ကွန်ပျူတာမှာလည်း Jailbreak လုပ်တာပြီးဆုံးသွားပြီးဖြစ်တဲ့
အတွက် Done လို့စာတန်းပေါ်လာရင်တော့ ပိတ်လို့ရသွားပါပြီ..။
ပြီးရင် ကွန်ပျူတာနဲ့ချိတ်ထားတဲ့ကြိုးကိုဖြုတ်လိုက်ပါ..။
ဖုန်းပြန်တက်လာရင်တော့ အောက်ကပုံလေးအတိုင်းသင့်ရဲ့
iOS 7.1.2 ကို jailbreak လုပ်နည်းအောင်မြင်စွာပြီးဆုံးသွားပါပြီ..
အောက်ကပုံလေးအတိုင်း သင့်ရဲ့ I Device ပေါ်က Home
Screen မှာ Cydia Icon လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်..။




အားလုံးပဲအဆင်ပြေပါစေ.. ဒီနည်းကိုသုံးပြီးတော့ အဆင်မပြေတာတို့၊ Apple Logo မှာရပ်
ပြီးပါဝါမတက်တာလို့ဖြစ်လာရင် iTunes နဲ့ချိတ်ပြီးတော့ Restore ပြန်လုပ်မှသာအဆင်ပြေပါမယ်..။
ဒီပိုစ့်လေးကို Thet Naing Soe (Myanmar Mobile App Store) ကနေအရင်ကကျနော့်လေ့
လာထားတာရှိပါတယ်..သူပေးတဲ့နည်းလေးအတိုင်း အဆင်ပြေတာကြောင့်ကျနော်လည်း သူ့
ရေးထားတဲ့ပိုစ့်ကိုအခြေခံပြီး အခွင့်ကြုံလာတာကြောင့်ပြန်ပြီးတော့ မျှဝေပေးလိုက်ပါတယ်..။
အဲဒီအချိန်က စမ်းသပ်ဖို့ဖုန်းကအသင့်မဖြစ်တာရယ်..နောက်ပြီး  Pangu V..ကလည်းတရုပ်လို
ဆိုတော့ နောက်မှရေးမယ်လို့စဉ်းစားထားတာ အခုတော့အဆင်ပြေသွားပါပြီ..။ မြန်မာစာထည့်
နည်းကိုတော့ နောက်နေ့တွေကျမှဆက်လက်တင်ပေးပါမယ်..။
ကြိုးစားပါဦးမည်..။ ရမ္မာသားလေး (နည်းပညာ)

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။