I Phone,I Pad,I Pod, ကို iOS 7.1.2 Update လေးကိုတင်ထားတဲ့မိတ်
ဆွေများ အတွက်မြန်မာဖောင့်ထည့်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်..။
iOS 7.1.2 များကို Jailbreak ပြုလုပ်ပြီးရင်တော့မြန်မာဖောင့်ထည့်ရတာအ
ဆင်ပြေသွားပါပြီ.. IOS 6.1.3 ထွက်ခဲ့တုန်းက Jailbreak ရဖို့အတွက်အ
တော်လေးကိုစောင့်ခဲ့ရသလို Jailbreak ပြုလုပ်ပြီးမြန်မာဖောင့်အဆင်ပြေပြီး
ကီးဘုတ်ကစာရိုက်ရင် အဆင်မပြေတာတို့ရှိခဲ့ဖူးပါတယ်..။
အခု iOS 7 .1.2 ထွက်လာပြီးနောက်ပိုင်းမြန်မာဖောင့်ကိုထည့်ပြီး ကီးဘုတ်
ကလည်းစာရိုက်တာအဆင်ပြေသလို Notepad မှာလည်းမြန်မာလိုရိုက်လို့ရ
သွားပါပြီ..I Device တွေကိုမြန်မာစာဖောင့်ထည့်နည်းကို အောက်ကပုံတွေကို
ကြည့်ပြီးလုပ်ပေးလိုက်ရင်တော့သင့်ရဲ့ I device ကိုမြန်မာစာရိုက်လို့အဆင်
ပြေစွာအသုံးပြုလို့ရမှာဖြစ်ပါတယ်..။

=> အရင်ဆုံး Cydia ကိုဖွင့်လိုက်ပါ..ပုံလေးတွေကိုကြည့်ပြီးအဆင့်လိုက်သွားလိုက်ပါ..။
=> အောက်ကအဆင့်ကိုရောက်ရင်တော့ http://cydia.myrepospace.com/komin27/ လို့
ရိုက်ပြီးရင်တော့ Add Source ကိုနှိပ်ပါ..
Add ပြီးသွားရင်တော့ Cydia ကိုပြန်သွားလိုက်ပါ..။ အရင်ဆုံး I device ကိုမြန်မာဖောင့်ထည့်ရ
ပါမယ်..။ ဒါကြောင့်ခုနက Add လုပ်လိုက်တဲ့ komin27 - MyRepoSpace>komin27 -myRepoSpace
အထိသွားလိုက်ပါ..အောက်မှာပြထားထဲ့ Zawgyi Font for iOS7 ကိုရှာပြီးတော့အောက်ကပုံလေး
တွေအတိုင်းအင်စတော့ပြုလုပ်ပေးပါ..
ပြီးသွားရင်တော့ မြန်မာစာရိုက်ဖို့အတွက်ကီးဘုတ်ကို ttKeyboard for iOS7 ကိုဆက်လက်
အင်စတော့လုပ်ပါ..
အင်စတော့လုပ်ပြီးရင်တော့ Restart ချပေးလိုက်ပါ..။ ဒီနေရာမှာကျနော်ကတော့
ttKeyboardကိုအရင်သွင်းပြီးမှ Notepad အတွက် Zawgyi-One Fix for Notepad ကို
နောက်ဆုံးမှအင်စတော့လုပ်မှသာ Notepad မှာမြန်မာလိုရေးလို့အဆင်ပြေတာတွေ့
ရပါတယ်..။ တကယ်လို့ Zawgyi-OneFix for Notepad ကိုအရင်အင်စတော့လုပ်ပြီး
ttKeyboard ကိုနောက်မှအင်စတော့လုပ်ပြီးရင် Notepad မှာမြန်မာလိုမပေါ်ရင်တော့
Zawgyi-OneFix for Notepad ကို Remove လုပ်ပြီးတော့နောက်တစ်
ခေါက်အင်စတော့ပြန်လုပ်ပေးပါ..။ ဒါဆိုရင်တော့ Notepad မှာမြန်မာလိုရိုက်
လို့အဆင်ပြေသွားပါပြီ..။
=> Notepad အတွက် Zawgyi-OneFix for Notepad ရှာပြီးတော့အင်စတော့လုပ်ပါ...
အားလုံးပြီးသွားရင်တော့ Setting>General>Keyboard>Keyboards မှာအောက်ပါပုံလေးအတိုင်း Burmese လို့ပေါ်လာပါလိမ့်မယ်..အရင်ကဘားရှင်းအဟောင်းတွေလို မြန်မာကီးဘုတ်ပေါ်ဖို့အတွက် ဘာမှာဝင်ပြီးပြောင်းပေးစရမလိုတော့ပါ..။
0 Comments:
Post a Comment
ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။