Monday, July 13, 2015

Windows မှာ System Restore Point တွေဖန်တီးတတ်အောင်


ကျနော်ဒီနေ့ဒီပို့စ်လေးဖြစ်သွားတာက အသိတစ်ယောက်ရဲ့ စက်ကိုကြည့်
ပေးရင်း ဒီပို့စ်လေးကိုရေးပေးသွားတာပါ..သူ့စက်ကိုကျနော် Restore  ပြု
လုပ်မယ်လို့ကြည့်တာအခါ Restore Point လေးတွေတစ်ခုမှမရှိပါဘူးဘာ
ကြောင့်လဲဆိုတော့ Windows က Restore Point ပြုလုပ်ပေးတဲ့နေရာမှာ
System က Off ဖြစ်နေလို့ပါ..ဒါကြောင့်ကျနော်လည်းတစ်လစတည်း အခု
မှ အခြေခံလေ့လာနေသူများအတွက်လေ့လာလို့ရအောင်ဆိုပြီးတော့ပြုလုပ်
နည်းကို Screen Shot လေးတွေရိုက်ထားပြီးတော့ဖော်ပြလိုက်ပါတယ်..

ဘာ့ကြောင့် Restore Point တွေဖန်တီးရသလဲလို့ စဉ်းစားမိပါလိမ့်မယ်..
Windows  Error ကြောင့်ပဲဖြစ်ဖြစ်၊ဆော့ဝဲကြောင့်ပဲဖြစ်ဖြစ်၊အကြောင်း
မျိုးမျိုးကြောင့်ဖြစ်စေ Windows ပုံမှန် အလုပ်မလုပ်တာတို့ဖြစ်လာရင်
System Restore ပြုလုပ်လို့အဆင်ပြေသွားတာတွေလဲရှိပါတယ်.ဒါကြောင့်
မို့ လက်ရှိစက်ကောင်းနေတဲ့အချိန်မှာ Restore Point တွေဖန်တီးထားခြင်း
ဖြင့် နောင်တစ်ချိန်မှာပြန်လည်အသုံးပြုနိုင်ပါတယ်..

အောက်မှာကျနော်ပြုလုပ်နည်းကို ပုံလေးတွေဖြင့်ပြပေးထားပါတယ်..။
အခုဒီပိုစ့်လေးကို Windows 8 နှင့်ပြုလုပ်ထားခြင်းဖြစ်ပါတယ်..
Restore Point ပြုလုပ်နည်းတွေထဲက အရိုးရှင်းဆုံးနည်းလေးနှင့် ပြပေးထားပါ
တယ်..ဘာကြောင့်လဲဆိုတော့ ဒီနည်းလေးက Windows 7 အသုံးပြုနေသူ
များအတွက်လည်းလုပ်ရတာ ပုံစံလေးတွေတူလို့ပါ..

System Restore Point  ပြုလုပ်နည်းကိုအခြားဆော့ဝဲတွေကို အသုံးပြုပြီးတော့လုပ်
လည်းရပါတယ် ဒီနည်းလေးကဝင်းဒိုးမှာပါတဲ့ နည်းကိုအသုံးပြုထားခြင်းဖြစ်ပါတယ်..

အရင်ဆုံး Control Panel ကိုဝင်လိုက်ပါ ပြီးနောက် အောက်ပုံအတိုင်းဝင်ပါ



အောက်ကမျှားပြထားတဲ့နေရာမှာ Off ဖြစ်နေရင် ကျနော်ဝိုင်းပြထားတဲ့နေရာကို ကလစ်ပါ


ပြီးနောက် Turn on System Protection ကိုရွေးပြီး Apply > Ok ကိုနှိပ်ပါ..။


အပေါ်ကပုံလေးအတိုင်း  Turn on System Protection ပြုလုပ်ပေးထားရင် Windows က
Auto System Restore Point လေးတွေပြုလုပ်ပေးပါမယ်..
အောက်ကအဆင့်တွေကတော့ မိမိဘာသာ ပြုလုပ်နည်းပါ ပုံလေးတွေဆက်ကြည့်လိုက်ပါဦး



Create ကိုကလစ်ပြီးတော့ ပေါ်လာတဲ့ Box မှာအဆင်ပြေတဲ့ နာမည်နဲ့ ပြုလုပ်တဲ့ နေ့စွဲ
ကိုထည့်ပေးလိုက်ပါ..


ပြီးရင်တော့ Create ကိုကလစ်ပြီးရင်တော့ အောက်ပုံလေးအတိုင်း Restore Point ပြုလုပ်ပေး
ပါလိမ့်မယ်..



Successfully စာတန်းလေးပေါ်လာရင်  Restore Point ပြုလုပ်ပြီးသွားပါပြီ..
နောက်နေ့တွေမှာ ဒီပိုစ့်ရဲ့အဆက်ဖြစ်တဲ့ System Restore ပြုလုပ်နည်းကိုဆက်လက်
တင်ပေးသွားပါမယ်..

အားလုံးပဲကျေးဇူးတင်ပါတယ်..
လင်းလင်း (နည်းပညာလေ့လာမျှဝေခြင်း)

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။