Wednesday, April 29, 2015

ဝင်းဒိုးမှာပါတဲ့ Tool ဖြင့် Data ဖိုင်တွေကို Burn ကြမယ်



အားလုံးပဲမင်္ဂလာပါဗျာ ဝင်းဒိုးမှာပါတဲ့ Tool ဖြင့်  Data ဖိုင်တွေ Burn
နည်းကို C Box ကနေညီလေးတစ်ယောက်ကမေးလာတာကြောင့်တင်
ပြပေးလိုက်ပါတယ်..Windows 7 မှာပါတဲ့ Tool ဖြင့် Data ဖိုင်တွေ
Burn တဲ့အခါရိုးရှင်းလွယ်ကူပေမယ့် Windows 8 မှာတော့အနည်းငယ်
ကွဲပြားသွားပြီးမတူတာလေးတွေရှိပါတယ်..ဒီနေ့ပိုစ့်ကိုတော့ကျနော်ဝင်းဒိုး
8 ကိုအသုံးပြုပြီးတော့အောက်မှာပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်...။

ဒီနည်းလေးဖြင့် Music MP3,MP4,Video,Picture,Folder,Data,ISO စသည်
ဖြင့်ဖိုင်များကို Burn ပြုလုပ်နိုင်ပါတယ်..

Data ဖိုင် (သို့) မိမိတို့ ဘမ်းမယ့် File ဖိုင်တွေများနေတယ်ဆိုရင်ဖိုင်ဆိုဒ်ကို
အရင်ကြည့်ပါ..Select All > Right Click > Properties ကနေစစ်ဆေးနိုင်
ပါတယ်..(700 MB) ကျော်သွားရင်တော့ DVD ကိုအသုံးပြုပါ..


ကျနော်တို့ ဘမ်းမယ့် Data ဖိုင်တွေသိမ်းထားတဲ့နေရာကိုဝင်လိုက်ပါ..ကျနော်အောက်မှာ
နမူနာအဖြစ် သီချင်းဖိုင်ရှိတဲ့နေရာကိုဝင်လိုက်ပါတယ်


အကုန်လုံး (သို့) မိမိနှစ်သက်တဲ့ သီချင်းများကို Select ပေးထားလိုက်ပါ..
ပြီးနောက် Burn to disc ကိုကလစ်ပါ..


အခွေအလွတ်တစ်ခွေကို CD Rom ထဲသို့ထည့်လိုက်ပါ


အပေါ်ပုံလေးအတိုင်း CD+DVD ကိုရွေးချယ်ပါ Drive Box လေးတစ်ခုပေါ်လာပါလိမ့်မယ်
အဲဒီပေါ်လာတဲ့ Drive Box လေးမှာကျနော်တို့ Burn ပြုလုပ်မယ်ဖိုင်တွေကို ယာယီခဏကူး
ပေးထားတာပါ..


နောက်ထပ် ဖိုင်အသစ်တွေကိုထပ်ထည့်ချင်တယ်ဆိုရင်တော့ Copy (Or) Mouse ဖြင့်
Drag And Drop ဆွဲပြီးတော့ထည့်လို့ရပါတယ်..


ဒီအပေါ်ကပုံလေးကတော့ ပြန်ပြီးတော့မလိုချင်တဲ့ သီချင်းများကို Right Click>Delete
ဖြင့်ပြန်ထုတ်တာပါ..အားလုံးစိတ်တိုင်းကျဖိုင်တွေကိုထည့်ပြီးရင်တော့ Mouse ကိုလွတ်
နေတဲ့နေရာမှာ ကလစ်တစ်ချက်ပေးလိုက်ပါ..ဒါမှသာအခွေဘမ်းရန်အတွက်  Manage
Tool ပေါ်လာပါမယ်..


ပြီးရင် အပေါ်ကပုံအတိုင်း Finish  Burning ကိုကလစ်ပါ..


Disc Title မှာကြိုက်တဲ့အမည်ပေးလို့ရပါတယ် Speed ကိုတော့ 40x ထားပါ
ပြီးရင်တော့ Next ပေါ့..



Sussessfully စာတန်းလေးပေါ်လာရင်တော့ Burn လုပ်တာပြီးသွားပါပြီ..။
နောက်တစ်ခွေထပ်ပြီးတော့ ဘမ်းချင်ရင် အမှန်ခြစ်လေးထည့်ပေးပြီး Finish
ကိုနှိပ်ပြီးအဆင့်ဆင့်သွားလိုက်ရင်အဆင်ပြေသွားပါမယ်..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။