Thursday, February 26, 2015

MP3 သီချင်းတွေပြာင်းကြည့်ရအောင်


ကျနော်ပိုစ့်တွေမတင်ဖြစ်တာ အတော်လေးကိုကြာသွားပါပြီကျနော်
ကိုယ်တိုင်လည်းတစ်ဖက်ကလိုအပ်တဲ့ဟာလေးတွေကိုလေ့လာဖို့အ
ချိန်ပေးရသလို ကိုယ်သိသလောက်တွေကိုလည်းပြန်လည်မျှဝေပေး
သွားပါမယ်..တစ်ဖက်ကလည်း အလုပ်တွေများနေတာကြောင့်ကျ
နော့်ဆိုဒ်လေးအတွက်အချိန်တွေမပေးနိုင်တွေကြောင့်ပိုစ့်အသစ်
တွေမတင်ဖြစ်တော့ပါ..ညီလေးတစ်ယောက်ကနေ Mp4 သီချင်း
တွေကို Mp 3 ဘယ်လိုပြောင်းရမလဲဆိုတာကို ပိုစ့်အနေဖြင့်တင်
ပေးဖို့ တောင်းဆိုလာတဲ့အတွက်ပုံတွေစုလိုက်တာအတော်လေးကို
များသွားပါတယ်..
ဒီတော့ အသုံးပြုရတာအလွယ်ဆုံးနှင့် Mp3 သီချင်းတွေပြောင်းလို့
ရအောင်အတွက် Format Factory လေးနဲ့ပြပေးထားပါတယ်..
ဒီ Format factoryလေးကတော့ Video,Audio,Image ဖိုင်များ
ကိုမိမိတို့ပြောင်းလိုတဲ့ဖော်မစ်အတိုင်း Convert ပြုလုပ်ပေးနိုင်ပါတယ်
Mp3 ပြောင်းလို့ရတဲ့တစ်ခြားအသုံးဝင်တဲ့ဆော့ဝဲတွေအများကြီး
ရှိပါသေးတယ်..။

အရင်ဆုံး Format Factory နောက်ဆုံးထွက်ဘားရှင်းကိုအောက်က
လင့်မှာဒေါင်းပြီးတော့အင်စတော့ပြုလုပ်ပါ..။

Format Factory 3.6.0.0 (53.0 MB)
Download

အင်စတော့ပြုလုပ်ပြီးရင်တော့ ဆော့ဝဲကိုဖွင့်ပြီးအောက်ပုံလေးအတိုင်း
Audio ကိုရွေးချယ်ပါ..ပြီးနောက် Mp3 ကိုကလစ်ပါ


Add File လေးကနေပြီးတော့ မိမိတို့ပြောင်းမယ့်သီချင်း(သို့)သီချင်းဖိုင်ထားတဲ့နေ
ရာကိုရွေးပေးရပါမယ်..


ကျနော်ကတော့ သီချင်းဖိုင်ကို Desktop ထဲမှာသိမ်းထားတဲ့အတွက် Desktop ထဲကသီ
ချင်းဖိုင်ကို double click (or) အောက်ပုံအတိုင်းဝင်လိုက်ပါ..။


ပြီးရင်တော့ မိမိတို့ပြောင်းလိုတဲ့ သီချင်းများကိုတစ်ပုဒ်ချင်းသို့မဟုတ် အကုန်လုံးကို
Select ပေးပြီးတော့ရွေးချယ်ပါ..


သီချင်းတွေကိုရွေးချယ်ပြီးသွားရင်တော့ Open ကိုကလစ်ပါ..


မိမိတို့ရွေးချယ်ထားတဲ့ သီချင်းတွေရဲ့ Quality ကိုစိတ်ကြိုက်ပုံစံလေးဖြစ်အောင်လုပ်ချင်
တယ်ဆိုရင် Output Setting ကနေဝင်ပြီးတော့ အောက်ပုံလေးအတိုင်းပြောင်းလဲနိုင်ပါ
တယ်..


စိတ်ကြိုက်ပြင်ပြီးသွားရင်တော့ Ok ကိုကလစ်လိုက်ပါ..



အပေါ်ကပုံလေးကတော့ မိမိတို့ပြောင်းလိုက်တဲ့သီချင်းတွေကို စိတ်ကြိုက်နေရလေးပေး
ပြီးတော့သိမ်းချင်တယ်ဆိုရင် Change ဆိုတဲ့နေရာကိုကလစ်ပါ..ပေါ်လာတဲ့ဘောက်မှာ
သိမ်းချင်တဲ့နေရာကိုရွေးချယ်ပါ..



New File လေးနဲ့ထားချင်တယ်ဆိုရင်တော့ Make New Folder လေးကိုကလစ်ပြီးတော့
ဖိုင်အမည်ပေးပြီးရင် Ok ကိုကလစ်ပါ..



မိမိတို့စိတ်ကြိုက်ပြင်ပြီးသွားရင်တော့ OK ကိုကလစ်လိုက်ပါ..ဒါဆိုရင်တော့အောက်က
ပုံလေးအတိုင်း Start ကိုနှိပ်လို့ရသွားပါပြီ..။


ဒီနေရာမှာ သီချင်းများရင်များသလောက်အချိန်အနည်းငယ်ကြာမှာဖြစ်ပြီး သီချင်းနည်း
ရင်တော့ မိနစ်ပိုင်းအတွင်းပြီးမှာဖြစ်ပါတယ်..


အပေါ်ပုံလေးမှာတော့ Convert ပြုလုပ်နေတဲ့ပုံပါ


အားလုံးပြီးသွားရင်တော့  Output Folder ထဲကနေတိုက်ရိုက်ဝင်ကြည့်လိုက်ရင်
မိမိတို့ပြောင်းလိုက်တဲ့ သီချင်းတွေကို Mp3 Format နဲ့တွေ့ရမှာဖြစ်ပါတယ်..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။