Wednesday, January 21, 2015

Wise Auto Shutdown v1.43 (1.19 MB)


မိမိတို့ကွန်ပျူတာကို Auto Shutdown ပြုလုပ်ချင်သူများအတွက် Wise
ကနေထုတ်လုပ်တဲ့ Wise Auto Shutdown v1.43 လေးကိုမိတ်ဆက်
ပေးပါရစေကွန်ပျူတာအသုံးပြုနေတဲ့အချိန်မှာအကြောင်းအမျိုးမျိုးကြောင့်
မိမိစက်ကို တစ်ခြားသော Program တွေကိုအသုံးပြုနေရင်း လိုရာကို
မရောက်ခင် Shutdown မလုပ်ချင်သူများအတွက်အတော်လေးကိုအဆင်
ပြေပါတယ်.. ဥမမာ-ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ(သို့) မိမိလိုသလိုအသုံးပြု
ပြီးတော့ ဒီကောင်လေးနဲ့ Auto Shutdown ကိုအမိန့်ပေးထားလို့ရပါတယ်.
အမြဲတမ်းတော့အသုံးပြုစရာမလိုတဲ့အတွက် အသုံးပြုမယ့်အချိန်ကြရင်အောက်
ပုံလေးတွေအတိုင်းလုပ်ပေးလိုက်ရင်ရပါပြီ..။

အောက်မှာကနော်ပြထားပေးတဲ့ ဝိုင်းထားတဲ့နေရာမှာ Shut down,Restart
စသည်အားဖြင့် တစ်ခုကိုရွေးချယ်ပါ။


Specified Time နေရာမှာ အသုံးပြုမယ့် ရက်စွဲနှင့်အချိန်ကို သတ်မှတ်ပေးပါ..
ပြီးရင်တော့ Start Task ကိုကလစ်ပါ..



ပေါ်လာတဲ့ဘောက်မှာ Yes > OK ကိုရွေးပေးလိုက်ရင်ရပါပြီ..

OK ပေးပြီးသွားရင်တော့ taskbar မှာနာရီပုံလေးနဲ့အသင့်ရောက်လာပါမယ်..


မိမိတို့သတ်မှတ်ပေးထားတဲ့ အချိန်ကြရင်တော့ အပေါ်ကဆင့်မှာသတ်မှတ်
ပေးထားတဲ့အတိုင်း Auto Shutdown လုပ်ပါလိမ့်မယ်..။

အောက်ကပုံလေးကတော့ ဒီကောင်လေးကိုအမိန့်ပေးထားပြီးတော့ အသုံးမပြု
တော့ရင် System Try ကနေ Dable Click လုပ်ပါ..


Cancel Task ကိုကလစ်ပါ..



ပေါ်လာတဲ့ဘောက်မှာ Yes ကိုနှိပ်ပေးလိုက်ရင်ပုံမှန်အတိုင်းပြန်ဖြစ်သွားပါမယ်..။

မှတ်ချက် ၊       ၊ ကွန်ပျူတာကိုတစ်ခုခုပြုလုပ်ခိုင်းထားပြီး Auto Shutdown အမိန့်ပေး
ထားရင် Control Panel\All Control Panel Items\Power Options\Edit Plan Settings
ကိုသွားပြီး အောက်ပုံလေးအတိုင်းပြောင်းပေးထားလိုက်ပါ..



ဒါဆိုအဆင်ပြေသွားပါပြီ...။

င်္Free ဆော့ဝဲလေးမို့အင်စတော့လုပ်ပြီးရင် အသုံးပြုနိုင်ပါပြီ...
Windows : XP / 2003 / Vista / Windows 7 / Windows 8/8.1



အားလုံးပဲအဆင်ပြေပါစေ.ကျနော်ရဲ့ဆိုဒ်ကိုရောက် လာကြသောမိတ်ဆွေများ
လည်း အခုဒီပို့စ်လေးအပါအဝင် ကျနော့်ရဲ့ပိုစ့်ပေါင်း 200 တိတိကိုတင်ပေးခဲ့ပြီး
ပါပြီ..။နောက်လည်းဆက်လက်ပြီးတော့ Update Software တွေနဲ့ အခြားသော
Application များကိုဆက်လက်တင်ပေးသွားမယ်..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။