Thursday, December 11, 2014

iOS 8.1.1 ကို Jailbreak လုပ်နည်းနှင့် မြန်မာဖောင့်ထည့်နည်း



အခုဒီပိုစ့်လေးကို ကျနော် iOS 8.1.1တင်ပြီးကတည်းကရေးဖို့အဆင်
သင့်ဖြစ်နေခဲ့ပါပြီ..ဒီနေ့မှအချိန်ရတာကြောင့် ကျနော်သိသလောက်ပြန်
လည် စမ်းသပ်ပြီးမှရေးပေးလိုက်ခြင်းဖြစ်ပါတယ် iDevice အား iOS 8.1.1
ကို  Jailbreakလုပ်နည်းနှင့်တစ်ဆက်တည်း မြန်မာလိုပါအသုံးပြုလို့ရအောင်
တင်ပြပေးလိုက်ပါတယ်..iOS 8.1.1 ကို Jailbreak  ပြုလုပ်တော့မယ်ဆိုရင်
တော့ မိမိတို့  iDeviceကို iClod(သို့) ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့ Backup
ပြုလုပ်ထားသင့်ပါတယ်..အရေးပေါ် ပြန်ပြီးလိုအပ်ရင်အသုံးပြုလို့ရအောင်
အတွက်ပါ..။

iOS 8.0.0 ကိုကနေပြီးတော့ 8.1.1 အထိ  Jailbreak  ပြုလုပ်ရန်အတွက်အောက်ပါ
i Device များကို Support ပြုလုပ်ထားပေးပါတယ် iOS 8.0.0 ကိုကနေပြီးတော့ 8.1.1
အထိ  Jailbreak  ပြုလုပ်လို့ရတဲ့ i Device ကိုအောက်မှာဖော်ပြပေးထားပါတယ်..
iPhone 4s/iPhone 5/iPhone 5s/iPhone 5c/iPhone 6 and iPhone 6 Plus
iPad/iPad Air/2; iPad mini/mini2/mini3 စသည်အားဖြင့်ပြုလုပ်နိုင်ပါတယ်..

iOS 8.1.1 အတွက်  Jailbreak  ပြုလုပ်ရန် အတွက် TaiGJbreak 1.1.0.1 ကို
အရင်ဆုံး အောက်ကလင့်ကနေဒေါင်းလော့ပြုပြီး အသုံးပြုနိုင်ပါသည်..။



TaiGJbreak 1.1.0.1 - EN Version 1.1.0.1 (47.8 MB )
ဒေါင်းလို့ရလာတဲ့ WinRAR ဖိုင်ကို အရင်ဆုံးဖြည်လိုက်ပါ.
ပြီးရင် TaiGJBreak_EN_1101 exe. ဖိုင်ကို Run as admistrator ဖြင့် Run ပါ

i Device အားကွန်ပျုတာနဲ့ချိတ်ဆက်လိုက်ပါ ..ကွန်ပျုတာကနေသိပြီဆိုရင်တော့
အောက်ပါပုံလေးအတိုင်း Start ကိုနှိပ်လိုက်ပါ..
(3K ဆိုတဲ့စာတန်းလေးမှာအမှန်ခြစ်ဖြုတ်ပေးရပါမယ်..)




Jailbreak လုပ်လို့အောင်မြင်သွားရင်တော့ Successful စာတန်းလေးနဲ့အတူပေါ်လာ
ပါမယ်..  i Device ဟာလည်း Reboot ဖြစ်ပြီးတော့  Cydia တစ်ခါတည်း  i Device မှာ
ပေါ်လာပါမယ် ဒါဆိုရင်တော့ iOS 8.1.1 ကို Jailbreak လုပ်တာအောင်မြင်စွာပြီးဆုံးသွားပါပြီ.။

မြန်မာဖောင့်ထည့်ရန်အတွက် အရင်ဆုံး Cydia ကိုဖွင့်လိုက်ပါ



Cydia ကိုဖွင့်ပြီးသွားရင် အပေါ်ပုံလေးအတိုင်း Reboot ဖြစ်ပါလိမ့်မယ်..
ုမြန်မာဖောင့်ထည့်ရန်အတွက် iOS 7.1.2 အတိုင်း
http://cydia.myrepospace.com/komin27/
Add Source လုပ်ပြီးသွင်းပါ..အောက်မှာလည်းပုံတွေပါပြပေးထားပါတယ်..





သွင်းပြီးသွားရင်တော့ Cydia=>
komin27 - MyRepospace=>All Packages => ကနေတစ်ဆင့်
Zawgyi iOs 7 Font ကိုရှာပြီးတော့ ဆက်လက်အင်စတော့လုပ်ပါ..






ပြီးသွားရင်တော့ Restart ချပေးလိုက်ပါ..ပါဝါပြန်တက်လာရင်တော့ i Device မှာမြန်မာ
ဖောင့်ထည့်လို့ပြီးသွားပါပြီ..
မြန်မစာလက်ကွက်ကိုတော့ ttKeyboard (သို့) TaKaung keyboard ကိုသွင်းယူပါ

ဒေါင်းလော့ပြုလုပ်ရန် ttKeyboard
ဒေါင်းလော့ပြုလုပ်ရန် taKaung
(App Store ကနေပြီးတော့ ဒေါင်းလော့ပြုလုပ်ပြီး အင်စတော့လုပ်လို့ရပါတယ်..)


မြန်မာစာလက်ကွက်ရိုက်ရန်အတွက်
Setting > General > Keyboard > Add New Keyboard ကနေတစ်ဆင့်
ttKeyboard (သို့) Takung keyboard ကိုရွေးပေးလိုက်ပါ..ဒါဆိုရင်တော့ မြန်
မာလိုပါရေးလို့အဆင်ပြေသွားပါပြီ..

Notepad မှာပါမြန်မာလိုရေးလို့ရအောင်အတွက် Cydia=>
komin27 - MyRepospace=>All Package=> ကနေတစ်ဆင့်
Zawgyi-One Fix for Notepad  ကိုရှာပြီးဆက်လက်အင်စတော့လုပ်ပါ..
iOS 7.1.2 မှာတော့ မြန်စာထည့်နည်းနှင့် ကီးဘုတ်ထည့်သွင်းနည်းနှင့်အတူ
Notepad မှာလည်းမြန်လိုရေးလို့ရအောင်အတွက် ဟိုးအရင်ကပိုစ့်အဟောင်း
တစ်ခုမှာ အပြည့်အစုံဖော်ပြပေးခဲ့ပြီဖြစ်ပါတယ် ဒီကနေ ပြီးတော့လည်းဝင်ရောက်
လေ့လာနိုင်ပါတယ်.။

ဒီပို့စ်ရေးပြီးသွားချိန်မှာတော့ ဒီနေ့ပဲ Apple ကနေ iOS 8.1.2 ကိုထပ်မံ Update
ပြုလုပ်ရန်အတွက်ထုတ်ပေးလိုက်ပါပြီ..။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။