Tuesday, October 28, 2014

Maxthon_Cloud_Browser_v4.4.2.2000 Last Version (39.4 MB)


ကျနော် Browser တွေထဲမှာဆိုရင်အကြိုက်ဆုံးနှင့် အခြားသော Browser တွေ
ထက်ပိုမြန်တဲ့ Maxthon နောက်ဆုံးထွက် Update လေးကိုတင်ပေးလိုက်ပါတယ်
သူ့ရဲ့ထူးခြားချက်လေးတွေက အခြားသော Browser တွေထက်စာရင် အသုံးပြု
ရတာလည်းကောင်းတယ် စိတ်ကြိုက် Site တွေကို Home Page ထဲက Favorites
တွေမှာထည့်လို့ရပါတယ် မိမိဝင်လိုက်တဲ့ Site တစ်ခုကိုအကြိုက်တွေ့ပြီဆိုရင်အလွယ်
တကူဝင်လို့ ရအောင် Book Mark ထဲမှာလည်းသိမ်းထားလို့ရပါတယ်..
အင်တာနက်ပေါ်ကနေ Video,Music,File အစရှိသဖြင့် Application များကိုလည်း
Maxthon Down loader  ဖြင့် Download ယူနိုင်ခြင်းစသည့်ဖြင့်လုပ်ဆောင်
နိုင်တဲ့ Tool တွေလည်းများစွာပါဝင်တာမို့ ကျနော်အမြဲတမ်းအသုံးပြုနေတဲ့ Maxthon
Browser ဘားရှင်းအသစ်လေးနဲ့အတူ အသုံးပြုနည်းအနည်းငယ်ကိုပါအောက်မှာပုံ
လေးနဲ့တွဲဖက်ပြီးတော့ ဖော်ပြပေးလိုက်ပါတယ်..။

Maxthon ကိုအရင် အင်စတော့လုပ်လိုက်ပါ..ပြီးရင်တော့ Maxthon Browser ကိုဖွင့်
လိုက်ရင်တော့ အခြားသော Browser တွေနဲ့မတူပဲ Home Page ပေါ်မှာ ပေါပျူလာ
ဖြစ်နေတဲ့ သတင်းတွေနဲ့ မိမိဝင်ရောက်လိုတဲ့ Google,Facebook,Gmail အစရှိသဖြင့်
တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်..


ပထမဦးဆုံး ကျနော်ကတော့ အောက်မှာပြထားတဲ့ပုံလေးအတိုင်း အပေါင်းလေးကိုနှိပ်ပြီး
ကျနော့်ရဲ့ဆိုဒ်ကိုနမူနာအဖြစ်  Home Page ထဲက Favorites ထဲ့မှာထည့်လိုက်ပါတယ်


အပေါင်းလေးကိုနှိပ်ပြီး ပေါ်လာတဲ့ဘောက်မှာ မိမိထည့်ချင်တဲ့ ဝက်ဆိုဒ်လိပ်စာလေးကိုထည့်
ပြီးတော့ Title ကိုမပေးလည်းရပါတယ်..ပြီးရင်တော့ Ok ပေးလိုက်ပါ..


အောက်ကပုံလေးမှာတော့ မြန်မာစာမမြင်ရသေးပါဘူး မြန်မာစာမြင်ရအောင်အတွက် စက်
ထဲမှာဇော်ဂျီကို ထည့်ထားရင်အောက်ကပုံလေးအတိုင်း ဝင်သွားလိုက်ပါ..


Settings ထဲကိုဝင်သွားလိုက်ပါ New Tab ပေါ်လာပြီးတော့အောက်ဆုံးမှာရှိနေတဲ့ Advanced
ကိုကလစ်ပြီးတော့ Webpage display မှာ Select ကိုကလစ်ပါ..


ပြီးရင်တော့အောက်ဆုံးနားလေးမှာရှိနေတဲ့ Zawgyi-One ရွေးပြီး OK ပေးလိုက်ပါ..


ဒါဆိုရင်တော့ အောက်ကပုံလေးအတိုင်း မြန်မာစာတွေကိုဖတ်လို့ ရသွားပါပြီ..။ အဝါရောင်ပြထားတဲ့
Menu bar နေရာတွေမှာလည်း စိတ်ကြိုက် Favorites တွေကိုအသစ်ထပ်ထည့်လို့ရပါသေးတယ်..


အောက်ကပုံလေးကတော့ New Tab ကိုခေါ်ပြီး သူသတ်မှတ်ပေးထားတဲ့အတိုင်းမကြိုက်
ဘူးဆိုရင်လည်း ပြန်ပြီးတော့ Site တွေကိုမိမိစိတ်ကြိုထည့်လို့ရပါတယ်..



ကြက်ခြေခတ်လေးကို နှိပ်ပြီးတော့ပေါ်လာတဲ့ ဘောက်မှာမိမိနှစ်သက်တဲ့ လိပ်စာလေးကိုထည့်
ပေးပြီးတော့ အိုကေေးပပြီးမှတ်ထားလိုက်ရင် နောက်တစ်ခါအဲဆိုဒ်ကိုဝင်မယ်ဆိုရင် တိုက်ရိုက်
ကလစ်ပြီးတော့ဝင်ကြည့်ရုံပါပဲ..


နောက်တစ်ခုကတော့ ကျနော်တို့ဒီ Browser လေးကိုမိမိရဲ့အကောင့်တစ်ခုခုနဲ့ဝင်ပြီးတော့အသုံး
ပြုပြီးတော့ Favorites တွေထဲမှာသိမ်းထားပြီး Save လုပ်ထားခဲ့မယ်ဆိုရင်တော့ တခြားစက်ထဲမှာ ဒီ Browser လေးကိုဖွင့်ကြည့်ပြီးတော့ မိမိအကောင့်ဖြင့် Login ဝင်လိုက်ရင်မှတ်ပေးထားတဲ့အတိုင်း အကုန်လုံးပြန်ဝင်အသုံးပြုလို့ရပါတယ်..


အောက်ကပုံကတော့ ကျနော်အစမ်းထည်းပြပေးထားတာပါ..။ မျှားပြထားတဲ့ Tool တွေကတော့
Browser တွေထဲမှာ မိမိဝင်လိုက်သမျှမှတ်ထားတာတွေက်ု Clear လုပ်ခြင်း၊ ဝက်ဆိုက်ပေါ်မှမိမိ
နှစ်သက်တာလေးတွေကို Snap လုပ်ပြီးတော့ကော်ပီလုပ်ခြင်းစသည်ဖြင့် Tool တွေထည့်ပေးထား
ပါတယ်..


နောက်တဆင့်အနေနဲ့ မိမိတို့ရဲ့အကောင့်တွေ(သို့)ဝက်ဆိုဒ်လိပ်စာလေးတွေကိုလည်း Note
Pad လေးနဲ့လည်းသိမ်းထားလို့ရပါတယ်..



ဒါကြာင့်မို့လို့ Maxthon Browser ကိုအသုံးမပြုဖူးသေးတဲ့မိတ်ဆွေ တွေအတွက်တော့ အသုံးပြုဖို့
အကြံပေးပါရစေ...။

0 Comments:

Post a Comment

ကျနော့်ဆိုဒ်သို့ရောက်လာကြသောမိတ်ဆွေသူငယ်ချင်းများအားကျေးဇူးအထူးတင်ရှိပါသည်
တစုံတရာအဆင်မပြေပါက C Box ကနေဖြစ်ဖြစ် Comment Box ကနေဖြစ်ဖြစ်
အကြောင်းကြားခဲ့လိုက်ပါ.ဒါမှမဟုတ် kyawlintun.org@gmail.com
ကိုအီးမေးဖြင့်သော်လည်းကောင်းဆက်သွယ်နိုင်ပါသည်..။